ပရိတ်သတ်တွေပါ စိတ်မကောင်းဖြစ်နေရတဲ့ အဆိုတော် အာဇာနည်ကြီးရဲ့ အဖြစ်

စိတ်အနှောက်အယှက်ဖြစ်စရာကိစ္စရပ်ကို ကြုံနေရတဲ့ အဆိုတော် အာဇာနည်ကြီးရဲ့ အဖြစ်

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ R ဇာနည်ကတော့ အဆိုတော်တစ်ယောက်အဖြစ်

ဂီတလမ်းကြောင်းမှာ နှစ်ပေါင်းအတော်ကြာ အောင်မြင်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိလည်း ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်တစ်ယောက်ပီပီ ဝါရင့်

သမ္ဘာရင့်တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ R ဇာနည်က သူ့ရဲ့ ရပ်တည်မှုနဲ့ ပက်သတ်ပြီး

အတိမ်းအစောင်းမရှိခဲ့သလို နာမည်ပျက်လည်းမရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

စိတ်ခံစားချက်နဲ့ ပက်သတ်ပြီးလည်း တော်ရုံရင်ဖွင့်လေ့မရှိတဲ့ R ဇာနည် က ဒီကနေ့မှာတော့ သူ့အပေါ်

အမျိုးမျိုးတွေပြုလုပ်နေတဲ့ကိစ္စအပေါ် ရင်ဖွင့်လာပါတယ်။

“စိတ်ထဲ ခံစားမှုတစ်ခုက အချိန်ကျလာလို့ပါ။ ကျွန်တော် Rဇာနည် ဂီတလောက မှာ ကြီးတဲ့သူရိုသေ

ငယ်တဲ့သူ ယိုင်းပင်းကူညီ နေလာခဲ့ပါတယ်။ လူဆိုတာ အမှားမကင်း ပုထုစဉ်မို့ တစ်ခါတရံမှားတာတွေလဲ ရှိပါတယ်။

ဒါပေမဲ့ဘယ်သူတစ်ဦးတစ်ယောက်အပေါ်မှ မယုတ်မာခဲ့ဘူးဆိုတာ ယုံကြည်ပါတယ်။

အဆိုတော်သက်တမ်းတစ်လျှောက် ကိုယ့်သီချင်းကိုယ်ဆိုခဲ့သလို ကမ္ဘာပေါ်မှာလဲ ရှိရှိသမျှ

သီချင်းတွေကို ခေတ်အဆက်ဆက်ပြန်ဆိုကြတယ် စီးပွါးဖြစ်လုပ်ကြတယ် တောင်းတလို့ဖန်တီးကြတဲ့

ပြန်ဆိုတေးတွေလဲဆိုပါတယ်။ ပြန်ဆိုတေးရဲ့သဘောတရားကိုသိတဲ့လူတွေရှိသလို မသိသေးတဲ့လူတွေလဲ

အများအပြာရှိတဲ့ လောကကြီးမှာ တေးသီချင်းသီဆိုပြီး ရိုးသားစွာအသက်မွေးဝမ်းကြောင်းပြုလုပ်ပါတယ်။

သီချင်းကိုချစ်မြတ်နိုးတဲ့သူတစ်ယောက်မို့ ဘယ်လိုသီချင်းမျိုးကိုမဆို သီချင်းကိုချစ်တဲ့စိတ်နဲအမြဲဆိုပါတယ်။

ပြန်ဆိုတေးတွေပြန်ဆိုတိုင်းလဲ အမြဲ Respect ပေး ဘယ်သူရေးတာဘယ်သူဘယ်တုန်းကဆိုခဲ့တာ စသဖြင့်

အသိမှတ်ပြု ပြောဆိုလေ့လဲရှိပါတယ် ဒါကို နာလည်တဲ့ ပရိသတ်ရှိသလို နာမလည်တဲ့ ပရိသတ်ကိုလည် နားလည်ပါတယ် ”

“အခုပြောချင်တာကတော့ သီချင်းဟောင်းတစ်ပုဒ် ကိုပြန်ဆိုဖို့ ကမ်းလှန်းလို့ လက်ခံပြီးခါမှ ခွင်ပြုဖို့အဆင်မပြေလို့ဆိုလို့

မဆိုတော့ဘူး ရပါတယ် ဘာမှမဖြစ်ဖူး အဆင်ပြေပါတယ်ဆိုပြီး အမှန်တကယ်စိတ်ထဲ အဆင်ပြေနေခဲ့ပါတယ်။

ပြီးနောက် ထိုသီချင်းဆိုဖို့အဆင်ပြေပါတယ်ဆိုလို့ စီစဉ်သူရော အစီစဉ်ဖြစ်မြောက်အောင်ဝိုင်းဝန်းလုပ်ဆောင်သူများရော

တီးခတ် အသံဖမ်းသောညီအကိုများနဲ့ကျွန်တော်ပါ ဝမ်းသာအားရ အသံသွင်းပြီးခါမှ ခွင်ပြုထား တာကို အလွယ်တကူကန့်ကွပ်ခဲ့တဲ့အဖြစ်မျိုး

ကြုံခဲ့ရလို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာတော့ ကျွန်တော်ဟာ အသက်အရမ်းမကြီးသေပေမဲ့အသက်မငယ်တော့တဲ့

လူတစ်ယောက်ဖြစ်တာမို့ ကိစ္စတိုင်းကို စဉ်းစားချင့်ချိန်ပြီးမှလုပ်ကြဖို့ ပြောကြဖို့ ဆုံးဖြတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ် ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာပဲ ဖြစ်ပါတယ်။

R ဇာနည်ကတော့ သူ့ရဲ့ ရပ်တည်ချက်နဲ့ ပက်သတ်ပြီး ကလေးကစားသလိုမျိုး အမျိုးမျိုးလုပ်သူကြောင့်

သူအပါအဝင် ထုတ်လုပ်သူ၊ တီးခတ်ပေးသူနဲ့ အသံသွင်းပေးသူတို့မှာ များစွာ အလုပ်တွေပိုခဲ့တာကြောင့် ဒီစာကို ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။

ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *