အောင်ရဲလင်းရဲ့ စိတ်ဝင်စားစရာ အချစ်ရေးကို ပြောပြလာတဲ့ မထက်

ပရိသတ်ကြီးရေ မထက်ဟာ အနုပညာလောကမှာကော မိတ်ကပ်လောကမှာပါ

နာမည်ရပြီး အောင်မြင်မှုတွေများစွာရရှိလာသူလေးဖြစ်ပါတယ်။

မိန်းကလေးအစစ်တွေ အားကျရလောက်အောင် ဆွဲဆောင်မှုရှိရှိ ဖက်ရှင်အလန်းစားနဲ့

အမြဲဆန်းသစ်လှပနေသူလေးလည်းဖြစ်ပါတယ်။သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့

စကားပြောပုံလေးကလည်း ပရိသတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။

This image has an empty alt attribute; its file name is m1-47-236x300.jpg

မင်းသားအောင်ရဲလင်းက အချစ်ကို အေးဆေးစွာ ဖြတ်သန်းတတ်သူတစ်ဦးဖြစ်ပြီး အသည်းကွဲတာရယ်လို့လည်း မရှိဘူးလို့ မထက်က ပြောပြပါတယ်။

“သူက တည်ငြိမ်တယ်… အရမ်းတည်ငြိမ်တယ်… အသည်းကွဲတာရယ်လို့လည်း မရှိဘူး

သူများအကြောင်းလည်း စိတ်မဝင်စားဘူး…

ဘယ်သူ့အကြောင်းမှလည်း စိတ်မဝင်စားဘူး… ကြွားဝါခြင်းလည်းမရှိဘူး…

သူများကသူ့ကို နှိမ်တာလားဆိုပြီးတော့လည်း စိတ်မဝင်စားဘူး… သူက အေးအေးဆေးဆေးပဲ…

အချစ်ရေးဆိုလည်း အေးအေးဆေးဆေးပဲ ဖြေရှင်းတယ်”

This image has an empty alt attribute; its file name is m2-42-197x300.jpg

မင်းသားအောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ပတ်သတ်လာရင် အေးအေးဆေးဆေးဖြတ်သန်းတတ်တဲ့

ပုံစံမျိုးကို မထက်အနေနဲ့ အတုယူခဲ့ရပြီး “အခုဆိုရင် ရည်းစားလည်း မထားချင်တော့ပါဘူး

အေးအေးဆေးဆေးနေခဲ့ရမှာ” လို့ မင်းသားကိုရင်ဖွင့်တဲ့အခါ အောင်ရဲလင်းက

“မထက်ကို ကျွန်တော်ပြောသားပဲ အရင်တည်းက အဲ့လိုနေရမှာ ဘာလို့မနေလဲ…

စိတ်ထဲမထားနဲ့ အေးချမ်းအောင်သာနေပါ” လို့ ပြန်ပြီးအားပေးတတ်တယ်လို့ မထက်က ဝေမျှလာပါတယ်။

ကိုအောင်ရဲလင်းရဲ့ အချစ်ရေးနဲ့ စပ်လျဉ်းပြီး သူမတို့နှစ်ယောက်ကြားက ဆက်ဆံရေးအတိုင်းအတာကိုလည်း မထက်က အခုလိုပဲ ရှင်းပြခဲ့ပါတယ်။

“အမယ်လေး ရင်းနှီးလာတဲ့သက်တမ်းတစ်လျှောက် ကိုအောင်ရဲလင်းအသည်းကွဲတာ တစ်ခါမှ မမြင်ဖူးဘူး…

အမတို့က လိုတာထက်လည်း မပိုကြဘူးလေ… အလုပ်ရှိရင်တွေ့တယ်… မလုပ်မရှိရင် အမက သူ့အိမ်လည်းသွားလည်မနေဘူး…

This image has an empty alt attribute; its file name is m3-4-195x300.jpeg

သူလည်း အမအိမ် လာလည်မနေဘူးလေ… သူများတွေထင်သလိုမဟုတ်ဘူး… အမတို့က တကယ်ကို ရိုးရိုးသားသား ကိုယ့်ရဲ့မောင်နှမတွေလို၊ ကိုယ်ကအမကြီးလို သူငယ်ချင်းကောင်းလိုနေပေးတယ်”

မထက်အနေနဲ့ မင်းသားကို အိမ်ထောင်ကျပြီး ရိုးမြေကျပေါင်းသင်းနိုင်တဲ့

အချစ်ရေးလေးတစ်ခုကို ဖြတ်သန်းစေချင်ပေမယ့် မင်းသားဖက်ကတော့

အိမ်ထောင်ပြုတယ်ဆိုတာ အရှည်ကြီးစဉ်းစားရတာဖြစ်တဲ့အတွက် သူ့အနေနဲ့ အေးအေးဆေးဆေးပဲနေချင်တယ်လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *